ကိုယ်ရေးအချက်အလက် မူဝါဒ
မူကြမ်း — ဥပဒေအကြံပေး စစ်ဆေးရန် လိုအပ်သည်
မူကြမ်း — ထုတ်ဝေခင် ဥပဒေအကြံပေးဖြင့် စစ်ဆေးရန် လိုအပ်ပါသည်။
၁။ ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်
အကောင့်ဖွင့်စဉ် ပေးသော အမည်၊ အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်။ ဝဘ်ဆိုက် အသုံးပြုမှု မှတ်တမ်း (စာမျက်နှာ ကြည့်ရှုမှု၊ စက်အမျိုးအစား)။
၂။ ဘာအတွက် သုံးသလဲ
အကောင့် စီမံခန့်ခွဲရန်၊ အသိပေးချက် ပို့ရန်၊ ဝန်ဆောင်မှု တိုးတက်အောင် ပြုပြင်ရန်၊ လုံခြုံရေး စောင့်ကြည့်ရန်။
၃။ မည်သူ့ကို မျှဝေသလဲ
ဥပဒေအရ တောင်းဆိုခံရလျှင်မှအပ တတိယပုဂ္ဂိုလ်ထံ မျှဝေခြင်း မရှိပါ။ ကြော်ငြာ ကုမ္ပဏီများထံ ရောင်းချခြင်း မရှိပါ။
၄။ ငွေကြေး အချက်အလက်
ဤဝဘ်ဆိုက်တွင် ငွေပေးချေမှု မရှိသောကြောင့် ဘဏ်အကောင့်၊ ကတ်နံပါတ် သို့မဟုတ် ငွေပေးချေမှု အချက်အလက် လုံးဝ မစုဆောင်းပါ။
၅။ သိမ်းဆည်းမှုနှင့် လုံခြုံရေး
အချက်အလက်များကို ကုဒ်ဝှက်ထားသော ဒေတာဘေ့စ်တွင် သိမ်းဆည်းပါသည်။ စကားဝှက်များကို hash ပြုလုပ်ပြီးမှ သိမ်းဆည်းပါသည်။ ကျွန်ုပ်တို့သည် စကားဝှက်ကို မမြင်နိုင်ပါ။
၆။ အသုံးပြုသူ၏ အခွင့်အရေး
သင့် အချက်အလက်ကို ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ အကောင့်ဖျက်ခြင်း တောင်းဆိုနိုင်ပါသည်။ support အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ပါ။
၇။ Cookies
အကောင့် ဝင်ရောက်မှု ထိန်းသိမ်းရန် လိုအပ်သော cookie များသာ အသုံးပြုပါသည်။ ကြော်ငြာ cookie များ မသုံးပါ။